အပြည်ပြည်ဆိုင်ရာ မူးဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောင်းကုန်း  ဇွန် ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေး နှင့်ပြည့််သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်ခန့်ကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ် ငန်းများအကြောင်း၊ မူးယစ်ဆေးစွဲသူ ဖေးမကူ ၊ မုံရွာ ဝင်းဖေ ရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူ (ကဗျာ) ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ ကာတွန်းများ ပါ ဝင်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)