ကြံခင်းမြို့နယ် လူမှုရေးဝန်ထမ်းဦးစီးဌာနမှအသက် (၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ကြံခင်း ဇွန် ၂၄
 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကြံခင်းမြို့ဧရာဦး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်ဖြစ်သော ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဖြစ်ပြီး အသက်(၈၅)နှစ်နှင့်အထက်ဘိုး/ဘွားများအား တစ်လျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် သုံးလစာ (၃၀၀၀၀)နှုန်းထောက်ပံ့ပေးတာဖြစ်ပြီး ကြံခင်းမြို့နယ်တွင်ရပ်ကွက် (၅) ခုနှင့်ကျေးရွာအုပ်စု (၃၀)တွင် အသက်(၈၅) နှစ်နှင့်အထက်ဘိုး/ဘွား (၉၀၀)ဦးရှိကြောင်းသိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ကြံခင်းမြို့လူမှုရေးဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်မြတ်မြတ်သိန်းမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများက ဘိုး/ဘွားများလက်ဝယ်သို့ ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ် ကြောင်းသိရသည်။