လှိုင် ဇွန် ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ဇွန်လ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် "မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး “Talk Show” ကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မင်းဆက်ပိုင်နှင့် လှိုင်မြို့နယ် ပြန်/ဆက်ဦးစီးမှူးတို့က ဆောင်ရွက်ခဲ့ ကြပြီး ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး စတင်ရောက်ရှိသုံးစွဲလာပုံ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါး ကို ကျောင်းသား လူငယ်လူရွယ်များအားလုံး ရှောင်ရှားသင့်ကြောင်း၊ ကြိုတင်ကာကွယ်ရမည့်အချက်များ၊ဖြေရှင်းရန် နည်းလမ်းများ စသည့် အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Talk Show ကို လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း ပြည်သူများ ဗဟုသုတရရှိစေရန် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကြည်ဇေသော်