သတင်းများ

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) မိတ်ဆက်ပွဲ အခမ်းအနားဝက်လက်မြို့၌ကျင်းပ
Jun 29,2021
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ (၂၀၁၈ - ၂၀၂၂) မဟာဗျူဟာစီမံကိန်း နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) အရ ဝက်လက်မြို့နယ် တရားရုံးအနေဖြင့်  မှု့ခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program –CMP) ဖြင့် မှုခင်းများ စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program -CMP) မိတ်ဆက်ပွဲ အခမ်းအနားကို ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများအား ကာကွယ်ဆေးထိုးနှံပေး
Jun 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီက ကော့သောင်း မြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကျား/မလူမှုရေးရာ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာနှင့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းအသိပညာပေး သင်တန်းဖွင့်
Jun 29,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျား/မ လူမှုရေးရာ၊ အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းနှင့် အမျိုးသမီးများ ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အသိပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀)နာရီက ရမည်းသင်း ခရိုင်လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
မိတ္ထီလာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 29,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီကမအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အေးမြသာယာတွင် ၄၀၀ ဗို့အားလိုင်း တည်ဆောက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၄၀၀ ဗို့အားလိုင်းတည် ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး စစ်ဆေးရေးဂိတ် Check Point များဖွင့်လှစ်၍ စစ်ဆေးခြင်းများဆောင်ရွက်
Jun 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဇွန်လ နောက်ဆုံးအပတ်က မြို့အဝင်၊အထွက်နေရာများ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် Check Point များကိုပြန်လည်ဖွင့်လှစ်၍ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။