သတင်းများ

ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာ်၌ ယာဉ်တိုက်မှုဖြစ်ပွား
Jun 29,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သဲကွဲအုပ်စု၊ ပြတိုက်ကျေးရွာ၌ ယနေ့ နံနက်၀၁:၁၅ အချိန်ခန့်က အောင်ပန်းမှ နေပြည်တော်သို့ ရန်ကုန် မန္တလေး လမ်းဟောင်းအတိုင်း မောင်းနှင်လာသော FUSO အပြာရောင် (၆) ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက် တမာပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အသိပညာ ပေးဆွေးနွေးပွဲကျင်းပ
Jun 29,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြား မှုပပျောက်ရေးနှင့် အမျိုးသမီးများဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အသိ ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 29,2021
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။
ထန်းတပင်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ခရိုင်အမျိုးသမီး ကော်မတီအစည်းအဝေးနှင့် GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 29,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးနှင့် GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များကို ယခုဝယ် ယခုတပ်ဆင် စေခြင်းများ ဆောင်ရွက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေး နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း အလေ့အထရှိစေရေးအတွက် နေအိမ်ပြင်ပသွားလာကြသော ပြည်သူများအား နှာခေါင်း စည်း(Mask) တပ်ဆင်ခြင်း မရှိပါကနှာခေါင်းစည်းတပ်ဆင်ရန်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို ယခုဝယ် ယခုတပ်ဆင်စေခြင်းကို ဇွန်လ ၂၈ ရက်နေ့ မှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2021
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန်နှင့် ရာသီဥတု မျှတစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သဲကုန်းမြို့နယ်၊ အင်းမမြို့၊ တရုတ်မှော် ကြိုးဝိုင်း၊ အကွက်အမှတ်(၁)၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပသည်။
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေစေရေး Mask Campaign ပြုလုပ်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးရှေ့လမ်း၊ ကားဂိတ်၊ ဂွန်ဒေါင်းဂိတ်၊ စံကင်း ကူးတို့ဆိပ် စသည့် လူစည်ကားရာနေရာများတွင် Mask Campaign ကို ပြုလုပ်ခဲ့သည်။