ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များ ကွင်းဆင်းစစ်ဆေး
Jun 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် ရက်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။