သတင်းများ

ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၌ တစ်ရက် ၄၀လီတာဆံ့ အောက်ဆီဂျင်အိုးကြီးအလုံး၂၀၀ ထုတ်လုပ်နိုင်မည့်စက်ရုံ၏ အဆောက်အအုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲကျင်းပ
Jul 28,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်‌ရေးကောင်စီ၏ စီမံဆောင်ဆောင်ရွက်မှုဖြင့် ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၌ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးကြီး အလုံး၂၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်‌မည်ဖြစ်ရာ အဆိုပါ စက်ရုံတည်ဆောက်ရာတွင် လိုအပ်သည့်အဆောက်အအုံ‌ ကြိုတင်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်နှင့် အသံချဲ့စက်များဖြင့် မြို့တွင်း လှည့်လည် အသိပေးနှိုးဆော်တိုက်တွန်းခြင်းများ အသိပညာပေးဆောင်ရွက်
Jul 28,2021
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍  ဇူလိုင်လ၂၆ရက်နေ့က မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေး ဆောင်ရွက်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) များစနစ်တကျ တပ်ဆင်နိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်
Jul 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူး ကျော်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် အများပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် အောင်ဇမ္ဗူရပ်ကွက်၊ ပြန်ကပြေးဈေးနှင့် နေပြည်တော်ကောင်စီလမ်း၊ စစ်ဆေးရေးဂိတ်တို့တွင် (Mask) တပ်ဆင် သွားလာခြင်း မရှိသူများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 28,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ ယမန်နေ့နံနက်၁၀နာရီအချိန်က ဆေးဆိုင်များအား မြို့နယ်အ​​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာ​ရေးဌာန၊​ ချောက်မြို့မ ရဲစခန်း၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jul 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကျော်သူအောင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့နည်း စေရေးအတွက် အများပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာ စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် အောင်ဇမ္ဗူရပ်ကွက်၊ ပြန်ကပြေးဈေးနှင့် နေပြည်တော်ကောင်စီလမ်း၊ စစ်ဆေးရေးဂိတ်တို့တွင် (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 27,2021
မေး။ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ များနှင့် သံသယရှိသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်ပေး နေတယ်ဆိုတာသိပါရစေ။
တောင်သုံးလုံး-ဟိန္ဒါးကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက် ချဉ်းကပ်တံတား ချောင်းရေတိုက်စား မှုကြောင့် ပြိုကျပျက်စီးမှု ဖြစ်ပွား
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် တောင်သုံးလုံး -ဟိန္ဒါးကား လမ်းပေါ်ရှိကျေးရွာချင်းဆက်ချဉ်းကပ်တံတားသည် ဇူလိုင်လ ၂၆ ရက်နေ့ကချောင်းရေ တိုက်စားမှု ကြောင့်ပြို့ကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်း
Jul 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ကာကွယ် ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန် က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။