တပ်ကုန်း ဩဂုတ် ၁၉
နေပြည်တော် တပ်ကုန်းမြို့နယ်အဝင် ညောင်လွန့်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့နည်းစေရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးတို့က ညောင်လွန့် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးဆောင်ရွက် နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တာဝန်ထမ်းဆောင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပြီး၊ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုဗစ်-၁၉ရောဂါ RDT ဖြင့် စစ်ဆေးပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ကျား (၁၃)ဦး၊ မ (၁၂)ဦး၊ စုစု ပေါင်း (၂၅)ဦးကို RDT ဖြင့် စစ်ဆေးခဲ့ရာ ကျား (၂)ဦး၊ မ (၄)ဦး၊ စုစုပေါင်း (၆)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
တင်စိုးလွင်