ပြင်ဉီးလွင် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၉) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး ( ၂ ) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီး၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဆရာတော်သံဃာတော်များနှင့် သီလှရှင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည် ။
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလှရှင်ကျောင်းများရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ဆရာတော်သံဃာတော်များ နှင့် သီလှရှင်များအား ကာကွယ်ဆေးထိုး စုရပ်အဖြစ်သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ ကာကွယ်ဆေး ( ၁၈၁) လုံးဖြင့် ရဟန်း ၊ သာမဏေ နှင့် သီလရှင် စုစုပေါင်း( ၃၆၂ ) ပါးတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက် အရ သိရှိရသည် ။