သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အောင်လံမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Aug 18,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် ယမန်နေ့နံနက်ပိုင်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ အောက်လံမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကော်မတီဝင်များနှင့်တွေဆုံ၍ အောင်လံမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင် ရွှေနတ်တောင်၌ တန် (၂၀) ဆံ့ Liquid အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်တပ်ဆင်နေမှု ကြည့်ရှုစစ်ဆေး
Aug 18,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ရွှေနတ်တောင်၊ ရေသန့်စင်စက်ရုံဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် တည်ဆောက်သည့် တန်(၂၀)ဆံ့Liquidအောက်ဆီဂျင်စက်ရုံ တည်ဆောက်တပ်ဆင်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေးသည်။
မုံးကိုးမြို့၌ ထေရဝါဒဘုန်းတော်ကြီးကျောင်းများအားဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း
Aug 18,2021
မူဆယ်ခရိုင်၊မုံးကိုးမြို့ရှိ နယ်စပ်ဒေသသာသနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်းများအတွက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ၌ယနေ့နံနက်(၉)နာရီအချိန်ကကျင်းပသည်။
ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ (၄၂၃၅) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကျန်ရှိနေသော အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ဩဂုတ်လ ၁၈ ရက် နံနက် ၉ နာရီကစ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေးကျန်းမာရေးဌာန)တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိသည်။
ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် လူငယ် Volunteer များအတွက် သင်တန်းဖွင့်လှစ်
Aug 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့်လူငယ် Volunteer များအတွက် သြဂုတ် ၁၆ ရက်နေ့က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေး
Aug 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်သံဃနာယကဆရာတော်များ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်မိ/ ရပ်ဖများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ညှိနှိုင်း ဆွေးနွေး အစည်းအဝေးကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း
Aug 18,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် မှီတင်းနေထိုင်လျှက်ရှိရာ နှစ်စဉ်မိုးရာသီကာလအတွင်း ရေးကြီးနစ်မြှုပ်မှုနှင့် သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံနေရသည့်အတွက် ယခုနှစ်တွင် ကြိုတင်စီမံဆောင်ရွက်မှု နှင့်ပတ်သက်၍ ယမန်နေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်-
မြောက်ဦးမြို့ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့မဈေးကြီးအတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များကို  ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19)ကူးစက်ပြန့်နှံမှုမှ အချိန်မီ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကွင်းဆက်ပြတ်တောက်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး အတွက် မြို့မဈေးကြီးအတွင်းရှိ လူသုံးကုန်ဆေးပစ္စည်းအရောင်းဆိုင်များအား ယနေ့ နံနက် (၉) နာရီက မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။