နမ့်ဆန် သြဂုတ် ၁၉
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်)၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ဇယန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပတ္တမြား စေတီကုန်းတော်ပေါ်ရှိ ဓမ္မာရုံ ဆောက်လုပ်လှူဒါန်းရန်အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအလှူငွေပေးအပ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမြင့်က ဓမ္မာရုံဆောက်လုပ်ရန်အတွက် သိန်း ၁၅၀ ပေးအပ်လှူဒါန်းရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
နန်းဆိုင်လီခမ်း