နမ့်ခမ်းမြို့  ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နမ့်ခမ်း ဩဂုတ်  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ကုသရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အောက်စီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်း(၁၂) နာရီအချိန်တွင် အလှူရှင်များက ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ရောဂါကုသရေး လုပ်ငန်း ဆောင်ရွက်ရာတွင် နေ့စဉ်အောက်ဆီဂျင် အသုံးပြုလျှက်ရှိသည့်အတွက် လိုအပ်သည့် အောက်စီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လုံလောက်မှုရှိစေရန် မူဆယ်မြို့ (၁၀၅)မိုင်ရှိ သစ်သီးဝလံကုန်စည်ဒိုင် အလှူရှင်များ၊ နမ့်ခမ်းမြို့ရှိ နမ့်ခမ်းမေတ္တာအဖွဲ့(ထုန့်မောဝ်)နှင့် အလှူရှင်များက Cylinder(40L) အောက်ဆီဂျင်အိုး(၅)လုံး၊ Cylinder (10L) အောက်ဆီဂျင်အိုး(၅)လုံး၊ Flow Meter(၆၅)ခု၊ Pulse Oximetre (၅၀)ခု၊ အောက်ဆီဂျင်ပိုက်(reservori bag)(၁၀၀)ခု၊  အောက်ဆီဂျင်ပိုက်(face mask)(၃၀၀)ခု၊ အောက်ဆီဂျင်ပိုက်(nasal cannula)(၂၀၀)ခု၊ N95 Mask (၁၉၀၀)ခု၊ Surgical Mask (၁၅၀၀၀)ခု၊ Face Shield (၂၀၀)ခု၊ Surgical Glove (၁၀၀၀)ခုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိသည်။

အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို အလှူရှင်များက ပေးအပ်လှူဒါန်း ရာ နမ့်ခမ်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်က လက်ခံခဲ့ကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)