မုဒုံမြို့နယ် အောက်ဆီဂျင်စက်ရုံမှ အောင်မြင်စွာ စတင်စမ်းသပ်ထုတ်လုပ်လည်ပတ်
Sep 10,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်ရရှိနိုင်ရေး၊ အောက်ဆီဂျင်ပြတ် လပ်မှုမရှိစေရေးနှင့် အောက်ဆီဂျင်လိုအပ်သော အရေးပေါ်လူနာများအား အမြန်ဆုံးကုသပေးနိုင်ရေးအတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် မုဒုံမြို့နယ် ဝင်းစိန်တောရ ကျောင်းဝင်း အောက်ဆီဂျင် စက်ရုံမှစက်ပစ္စည်းများ တပ်ဆင်နေမှုအခြေအနေများနှင့် အောက်ဆီဂျင်စက်စတင်စမ်းသပ်မောင်းနှင်းမှုကို ယနေ့ နေ့လယ်ပိုင်းကစ၍ ထုတ်လုပ်လည် ပတ်လျက်ရှိကြောင်း သိရသည်။