ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပရိဘောဂပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်မြို့ ဇူလိုင် ၁၂

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးလုပ်ငန်းဆောင်ရွက်မှုများ အထောက်အကူပြုစေရန်နှင့် အခမ်းအနားများတွင် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ပရိဘောဂပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ခင်ရွှေဝါဖူးက “အခုလိုပြည်သူတွေ အသိပညာဗဟုသုတ ရှာမှီးရာနေရာဖြစ်တဲ့ လူထုအခြေပြုဗဟိုဌာနမှာ လိုအပ်တဲ့ပရိဘောဂတွေ လှူဒါန်းပေးတဲ့အတွက်  များစွာဝမ်းမြောက်ကြောင်းနှင့်အလွန်‌ကျေးဇူးတင်ရှိပါ‌ကြောင်း၊ ဒီပစ္စည်းတွေကို ရေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းအသုံးပြုသွားမှာပါ”ဟု ပြောကြားပြီး သီဟသုဓမ္မသိင်္ဂီဒေါက်တာယဉ်ဝေလွင်( ဦးစိန်ခိုဆေးတိုက်) က ပရိဘောဂပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး သီဟသုဓမ္မသိင်္ဂီဒေါက်တာယဉ်ဝေလွင် (ဦးစိန်ခိုဆေးတိုက်) က စုစုပေါင်းကာလတန်ဖိုးငွေကျပ် (၁၉၀၀၀၀၀/-) တန်ဖိုး ရှိသော (ဆက်တီတစ်စုံ) ပရိဘောဂပစ္စည်းများကို ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ရာ လက်ထောက်ညွှန်ကြားရေးမှူးက အလှူရှင်များထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီးအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ကြကြောင်း သိရှိရသည်။

အေးမိုး(ပြန်/ဆက်)