ရေတာရှည် ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဖလား ကျေးရွာပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦီးစွာပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့သည်။ ဘောလုံးပြိုင်ပွဲအခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ပြိုင်ပွဲအတွင်း အားကစားစိတ်ဓါတ်ဖြင့်ကစားကြရန်၊ အနိုင်အရှုံး အဓိကမထားဘဲ ပြိုင်ပွဲဝင်အချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့်ကစားကြရန် ပြောကြားပြီး အခမ်းအနားကို ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို အသင်းပေါင်း(၁၅)သင်း၊ အုပ်စု(၄)အုပ်စုဖြင့် ဇူလိုင်(၁၁) ရက်နေ့မှ ဇူလိုင်(၂၆)ရက်နေ့ထိ အသင်းလိုက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြများ၊ ဘောလုံးဝါသနာရှင်များ၊ ပွဲကြည့်ပရိတ်သတ်များ စုစုပေါင်းအင်အား(၃၀၀)ခန့် တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)