ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘောအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက သဘာ၀ဘေးအန္တရာယ်အကြောင်း အသိပညာပေးပြောကြားရာ၌ ငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန် အချက်များ၊ ငလျင်လှုပ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍   မုန်တိုင်းအန္တရာယ်အကြောင်းပြောကြားရာ၌  မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ မုန်တိုင်းကျရောက်လာပါက လိုက်နာမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များနှင့် မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း‌ ဟောပြောခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့   ကျောင်းသား၊ ကျောင်းသူများက၊ သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)