သတင်းများ

ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jan 20,2021
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့် အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက ပူတာအိုမြို့ လူစည်ကားရာ ဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ လွိုင်မြေရပ်ကွက်၌ ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတည်ဆောက်
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် အုပ်စု(၁၂)တွင် ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတစ်ခုကို ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် တံတားလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်‌ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ နံနက်စာများ လာရောက်လှူဒါန်း
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါ ကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အသင့် စားသုံးနိုင်သည့် ရွှေတောင်ခေါက်ဆွဲပွဲ(၂၅၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကန်ပက်လက်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းများဆိုင်ရာ အစည်းအဝေးပြုလုပ်
Jan 20,2021
မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်အတွင်းရှိ ပြည်ထောင်စု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်း အစည်းအဝေးကို ကန်ပက်လက်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဆွေးနွေး
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စက်များသို့ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ ခရမ်းသီးပင်များ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေ
Jan 20,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာတွင်၊ ခရမ်းသီး ပင်များ စိုက်ပျိုးကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်(၈)နာရီအချိန်က အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးတို့တွင် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၁) ရပ်ကွက် စံပြ (၂) လမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၈၈) သိန်း ၄ သောင်းဖြင့် ဆောင်ရွက်ခဲ့သော အမှတ် (၁) ရပ်ကွက်၊ စံပြ (၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။