ဟုမ္မလင်း ဇန်နဝါရီ ၂၀
ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှပြန်လာသည့် အမျိုးသား(၄) ဦးသည် ဇန်နဝါရီလ (၁၈) နေ့ နံနက် (၇) နာရီတွင် ဟုမ္မလင်းမြို့နယ် နမ့်တော တိုက်နယ်ဆေးရုံသို့ ရောက်ရှိသတင်းပို့သဖြင့် ကျန်းမာရေး ဌာနမှ RDT Test Kite စစ်ဆေးဆောင်ရွက်ခဲ့ရာ အသက်(၄၁)နှစ် အမျိုးသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ ညနေ(၄)နာရီတွင် ဟုမ္မလင်း ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိ ကြောင်းသိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သည့် အမျိုးသား (၃) ဦးကိုလည်း နမ့်တော အ.ထ.က CBFQ အသွားအလာကန့် သတ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)