အမျိုးသားတစ်ဦး အနံ့ပျောက်နေသဖြင့် RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဟုမ္မလင်း ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု နမ်တောကျေးရွာရှိ ရွှေဥရုမန်းကား အသင်းမှ ဂိတ်မှူး အသက် (၃၂)အရွယ် အမျိုးသားတစ်ဦးသည် အနံ့ပျောက်နေသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီခွဲတွင် ဟုမ္မလင်း (အထက-) CBFQ နေရာသို့ သွားရောက်၍ RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ပြည် သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ပို့ဆောင်၍ ဆေးကုသမှုခံ ယူလျက်ရှိ ကြောင်းသိရသည်။

အဆိုပါအမျိုးသားကို မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပို့သူကိုလည်း ဟုမ္မလင်း ..က() CBFQ အသွားအလာ ကန့်သတ်ရှိခြင်း၊ အလာတူ သူနှင့်ထိတွေ့ခဲ့သော နေရာများကို စိစစ်၍ အသွားအလာ ကန့်သတ်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)