မုဒုံ ဇန်နဝါရီ ၂၀
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မုဒုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူသိမ့်သိမ့်ချောက မြန်မာ့ တိုင်းရင်း ဆေးပညာအကြောင်း၊ နယကြီးလေးပါးအကြောင်းဖြစ်သည့် မြတ်စွာဘုရားရှင် ဟောကြားတော် မူသော အဘိဓမ္မာ တရားဒေသနာ တော်ကိုအခြေခံ၍ ကံ၊စိတ်၊ဥတုနှင့် အာဟာရ အကြောင်းတရား ကြောင့်ဓာတ်ကြီးလေးပါး၊ ရုပ်တရားနှင့်နာမ်တရားတို့တွင် အနာရောဂါ ဝေဒနာ ဖြစ်ပေါ်လာမှုကို စမ်းသပ်စစ်ဆေးကုသသည့် ဆေးပညာတစ်ရပ်ဖြစ်ကြောင်း၊ အာယုဗ္ဗေဒဆေး ပညာကိုအခြေပြု၍ကာလ၊ အတ္တ၊ ကမ္မအကြောင်းတရားကြောင့် ဒေါသ၃ပါး၊ ဓာတ်၇ပါး၊ မလ ၁၂ ပါးတို့ဖြင့် ဖွဲ့စည်းထား သောခန္ဓာကိုယ်တွင် အနာရောဂါ ဝေဒနာဖြစ်ပေါ် လာမှုကို စမ်းသပ် စစ်ဆေးကုသသည့်ဆေးပညာ တစ်ရပ်ဖြစ်ကြောင်း၊ နက္ခတ္တဗေဒန ဆေးပညာကောင်းကင်ရှိနေ၊ လ၊ ဂြိုဟ်တို့နှင့်တကွ အာကာသ နက္ခတ်၊ဓာတ်နက္ခတ်၊ ကိန်းနက္ခတိတို့ကိုတွက်ချက်၍ စမ်းသပ်စစ်ဆေးကာ ဓာတ်တိုင်ထူ၊ဓာတ်စာ ပေးကုသည့်ဆေးပညာ တစ်ရပ်ဖြစ်ကြောင်း၊ ဝိဇ္ဇာဓရနဆေးပညာလောကီနှင့် လောကုတ္တရာအကျိုးစီးပွားအတွက် ရုပ်ဓာတ်၉ပါး၊ နာမ်ဓာတ် ၉ ပါးကို အထူးထူး အထွေထွေသော နည်းပညာများဖြင့် ဆေးဝါးအသွင်ပြုပြင်၍ လည်းကောင်း၊ ဘုရားရှင်ဟောကြားတော်မူသော ပရိတ်တရားတော်တို့ကို အသုံးပြု၍ လည်းကောင်း၊ စမ်းသပ် စစ်ဆေးကုသသည့် ဆေးပညာစနစ်တစ်ရပ် ဖြစ်ကြောင်းနှင့် မုဒုံမြို့နယ်တိုင်းရင်းဆေး ကုဌာနတွင် ကုသမှုအများဆုံးရောဂါ တွေထဲကမှ ရောဂါများအကြောင်း တို့ကို ဆွေးနွေးခဲ့ ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)