သတင်းများ

မိုင်းပျဉ်းမြို့၌ ဒေသစွမ်းအားဖြင့်သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jan 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဒေသစွမ်းအားဖြင့်သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၄၁)ဦး ထပ်တိုးတွေ့ရှိပြီး ကိုဗစ်လူနာ(၂)ဦးထပ်မံသေဆုံးခဲ့၍ သေဆုံးသူပေါင်း(၁၂)ဦးအထိရှိလာ
Jan 23,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄၁)ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး (၂)ဦးသေဆုံးခဲ့၍ တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၁၃၅)ဦးနှင့် သေဆုံးသူက(၁၂) ဦး အထိရှိလာကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲပြုလုပ်
Jan 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖူးစားပြောင်းများဈေးကောင်းရသော်လည်း အထွက်နှုန်းကျ
Jan 23,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာမှ တောင်သူများသည် ဖူးစားပြောင်းပင်များ စိုက်ပျိုးထားကြရာ ဈေးကောင်းသော်လည်း အထွက်နှုန်း မကောင်းသောကြောင့် စိတ်ညစ်နေရသည်ဟု ရွာသာကျေးရွာ ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းထံမှ သိရသည်။
ဂန့်ဂေါမြို့နွင် ဆောင်းရာသီသီးနှံ သခွားမွှေးများ စတင်စိုက်ပျိုး
Jan 23,2021
ဂန့်ဂေါမြို့နယ်တွင် ဖရဲနှင့် သခွားမွှေးကို ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိရာ ဖရဲသီးများမှာ ဆွတ်ခူးရောင်းချနေရပြီ ဖြစ်သော်လည်း သခွားမွှေးကိုမူ စတင်စိုက်ပျိုးနေကြဆဲ ဖြစ်ကြောင်း သိရသည်။
မတူပီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့်စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 23,2021
နွေရာသီပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများ မီးဘေး သတိမူစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကွီလိုင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မတူပီမြို့ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လမ်းကွန်းကရစ်ခင်းရန်အတွက် လမ်းနယ်နိမိတ် စိုက်ထူခြင်း ဆောင်ရွက်
Jan 23,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်  အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြေတိုင်း (၂၂) အလယ်ရွာလေးရှိ၊ လမ်းပေါ်တွင် ရေဝပ်လျက်ရှိသော  ပိတောက်(၅)လမ်းအား ကွန်ကရစ် လမ်းခင်း ဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
မတ္တရာမြို့နယ်၌ မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 23,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီ၏ မိဘရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။