မိုင်းပျဉ်းမြို့၌ ဒေသစွမ်းအားဖြင့်သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၂၃

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဒေသစွမ်းအားဖြင့်သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံ ချက်မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

            ရှေးဦးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်းက မြို့နယ်အတွင်းကျန်းမာရေးလုပ် ငန်းသုံးပစ္စည်းများလိုအပ်ချက်၊ အားသာချက် အားနည်းချက်များကိုဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်အရာရှိ ဦးဇင်မင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းတွင် မြို့ပေါ်လူထုအတွက်သာမက ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များကိုပိုမိုကူညီပေးနိုင်ရေး၊ ဒေသစွမ်းအားဖြင့်ကျန်း မာရေး စောင့်ရှောက်မှုများလက်လှမ်းမီစွာရရှိစေရေး စီမံချက်များကို အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

            အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှာက်ရေး အသင်းအဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊     ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြေင်းသိရသည်။

မေမွန်ထွဋ်၊ပြန်ဆက်