သတင်းများ

နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
Jan 22,2021
နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)မြေနေရာအသုံးပြုရန် မြေယာ လှူဒါန်းပွဲသို့ တက်ရောက်
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ လိုက်ပါ၍ ယနေ့ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)မြေနေရာအသုံးပြုရန် မြေယာလှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
ဟိုပန်မြို့၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jan 22,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ဟိုပန်မြို့ မိန်းပန်း‘ဝ’ရပ်ကွက်နှင့် နောင်မိုကျေးရွာအုပ်စုတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းနိုင်ရေး စားသုံးသူပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် စားသုံးသူပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မိုင်းဖြတ်၌ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေးဆိုင်ရာ သိကောင်းစရာများနှင့် ဒေသအတွင်းမီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ဝမ်မိုင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ လွှဲပြောင်းပေးအပ်
Jan 22,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့က လမ်းဦးစီးဌာနမှ အလှူငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ ကော့ပလိုင်ကျေးရွာတွင် မူလတန်းကျောင်းဆောင်သစ်တိုးချဲ့ တည်ဆောက်
Jan 22,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကော့ဘိန်း ကျေးရွာအုပ်စု ကော့ပလိုင် ကျေးရွာတွင် မူလတန်း စာသင်ကျောင်း တိုးချဲ့ ဆောင်သစ် (အလျား ၄၀ ပေ ၊ အနံ ၃၀ပေ ၊ အမြင့် ၁၂ပေ) ရှိသောစီမံကိန်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် သိန်း (၂၄၀) ဖြင့် ယခုနှစ် ယမန်နေ့က ကျေးရွာ လူထုများ ၏ ပူးပေါင်းပါဝင်မှုဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။