ပေါက်ခေါင်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ်ကို ကြိုတင် ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် သတိပြုလိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် အတွင်းသို့ မီးသတ်ယာဉ်များဖြင့် သတ်မှတ်ရက်အတိုင်း လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးသတ်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီး ဌာနမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များတစ်လျှောက် မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက် များကို နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ထားရှိရန်၊ ညအခါ ဖယောင်းတိုင်၊ ခြင်ဆေးခွေနှင့် မီးဖိုများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်နှင့် လျှပ်စစ်မီးအား သတိပြုကိုင်တွယ်ကြပါရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်လမ်းများ တစ်လျှောက် မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)