လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask & Face Shield Yellow Campaign ပြုလုပ်

လသာ ဇန်နဝါရီ ၂၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာတွင် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၇) မဟာဗန္ဓုလလမ်း  ဘက်(စ်) ကားမှတ်တိုင်များတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲ ဆက်သွယ်ပညာ ပေး လူထုလှုပ်ရှားမှု (Mask& Face Shield Yellow Campaign) ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းအဖြစ် ရက်ကွက်အတွင်းရှိ ပြည်သူများနှင့် လမ်းများတွင် သွာလာသူ များအား (mask & face shield) များ၊ ပညာပေးလက်ကမ်းစာစောင်များ၊ ပြက္ခဒိန်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များမှ ပူးပေါင်း၍ mask and face shield များ၊ ပညာပေးလက်ကမ်းစာစောင်များ၊ ပြက္ခဒိန်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့် ရောဂါကာကွယ် ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆက်လက်ဆောင်ရွက်အသိပေးရန် လိုအပ်ပါသဖြင့် အဆိုပါလုပ်ငန်းစဉ်အား ရက်အပိုင်းအခြားအလိုက် ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ တိုးမြင့်ကာ မြို့နယ်အတွင်း အများသူ သွားလာရာနေရာများ၊ ဈေးများ၊ ရပ်ကွက် လမ်းဆုံနေရာ များနှင့် ရပ်ကွက်များတွင် ရက်အပိုင်းအခြားအလိုက် ထပ်မံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မေသူ(ပြန်/ဆက်)