ရှားတော ဇန်နဝါရီ ၂၂
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင်များကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချိုနှင့် ဝန်ထမ်း များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ (၃)လပတ်အတွက် လူမှုရေးပင်စင်များကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
ရှားတောမြို့နယ်တွင် လူမှုရေးပင်စင် ခံစားနေရသော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား စုစုပေါင်း (၂၄)ဦးအတွက် တစ်ဦးလျှင် (၃)လစာ ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၇၂၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)