ကော့သောင်း၊ ဇန်နဝါရီလ ၂၂
ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်း က ကော့သောင်းမြို့ ၊ သီရိမြိုင်ရပ်ကွက်၊ မြို့ဦးစေတီတော်ဘုရားပရဝုဒ်နှင့် ရင်ပြင်တော်အတွင်း သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ဒါန ပြုခဲ့ကြကြောင်း သိရသည်။
ကိုဗစ်၁၉ ကာလအတွင်း ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်မှုရှိစေရေး စေတီဘုရားပုထိုးများ ယာယီပိတ်သိမ်းထားရာ ဘုရားဖူးပြည်သူများလာရောက်ဖူးမျှော်လည်ပတ်ခွင့်မပြုသဖြင့် လူသူသွားလာမှုမရှိ ဘုရားရင်ပြင်နှင့်ပရဝုဒ်အတွင်း ဖုန်နှင့် အညစ်အကြေးများ တစ်စတစ်စ စုပုံလာနေသဖြင့် ဘုရားရင်ပြင်တော် အနှံ့ သန့်ရှင်းစေရေး မီးသတ်ရေသယ်ယာဉ်များ အသုံးပြု ကာ ဆေးကြောသန့်စင်ပေးခြင်း ၊ ဆင်းတုတော်များအား သန့်စင်မွမ်းမံပေးခြင်း၊ သာသနိကအဆောက်အအုံများနှင့် ပရဝုဒ်အတွင်း အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားပေး ခြင်းလုပ်ငန်းများကို ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းဦး က သန္ဓေတပ်ဖွဲ့ဝင်များနှင့်မိသားစုများ စုပေါင်း ဒါနပြုဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)