လောင်းလုံး ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် လျော့နည်း စေရန်ရည်ရွယ်ပြီးမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကိုယမန်နေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊နခံတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို စစ်ဆေးဆောင်ရွက် ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ် ဦးစီးမှူး၊ ဦးပြည့်ဖြိုးအောင် နှင့်သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၄) ဦးမှပြင်ပတွင်ရောင်းချနေသော စက်သုံးဆီဆိုင်များအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ စစ်ဆေးဆောင် ရွက်ခဲ့ပြီး မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိစစ်ဆေး ဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ပြသဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သိန်းသိန်း( ပြန်/ဆက်)