လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅) တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅) တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်၀ါ၀ါထွန်းက စာ‌ပေဖတ်ရှုခြင်းဖြင့် မှတ်ဉာဏ်များတိုးပွားလာစေကြောင်းနှင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများကိုလည်း လေ့လာဖတ်ရှုရန်လိုအပ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် ဘောလုံးပစ်ကစားခြင်းများကိုလည်း ပျော်ရွှင်စွာကစားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)