ဖားဆောင်း ဇန်နဝါရီ ၁၅
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ဖားစည်သံလွင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုမှ ပေးပို့လာသော (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ သဝဏ် လွှာကို ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)