သဲကုန်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၄)၊ တပ်ရွာလမ်းနေ၊ အလျား ၁၀´× အနံ ၈´× အမြင့် ၁၅´ သွပ်မိုးကုန်စုံဆိုင် တိုက်ခန်းအား ယနေ့နံနက် ၁၂:၄၀ နာရီအချိန်ခန့်က မီးလောင်ကျွမ်းနေကြောင်း သတင်းပေးချက်အရ သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူးမှ မီးသတ်ယာဉ်(၂)စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ/သားများ စုစုပေါင်း အင်အား(၅၀) ဦးခန့်တို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီအချိန်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး နံနက် ၁:၁၀ နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ကုန်စုံဆိုင်နောက်ဖေးခန်းအတွင်း နေထိုင်သူ အိပ်ပျော်နေစဉ် အဲယားကွန်းဆေ့ဂတ်မှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူ၊ တိရစ္ဆာန်၊ နေအိမ်၊ အဆောက်အဦ ထိခိုက် သေဆုံး ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ နေအိမ်ပိုင်ရှင်အား မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)