ဘောလခဲ ဇန်နဝါရီ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၌ ၂၀၂၁ခုနစ်၊ ဇန်နဝါရီ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၆၉)နစ်မြောက်ကယားပြည်နယ်နေ့ လူထုအခမ်းအနားကို မြို့အဝင် စောလဖော်ခန်းမ၌ ယနေ့နံနက် (၇)နာရီအချိန် က ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ခေတ္တပြည်နယ် ဝန်ကြီးချုပ်ဦးဘော့စ်ကို ထံမှပေးပို့သော (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် မှ ဖတ်ကြားခဲ့ပါသည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်လက်မှတ်ရရှိသော ဘောလခဲမြို့ ထာဝရတွဲလက်များပရဟိတ အသင်းနှင့်ရွှေပရဟိတ လူမှုရေးအသင်းအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ရိုးရာယဥ်ကျေးမှုအက အဖွဲ့များက အသီးသီးဖျော်ဖြေကြပြီး ၎င်းတို့အား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် တိုင်းရင်းသားယဥ်ကျေးမှုအကအဖွဲ့များ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုးရယ်၊ ဦးအေးရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အသင်းအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသား ညီအစ်ကိုများနှင့် လူမှုရေးအသင်း အဖွဲ့များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လှရွှေ