မောက်မယ်မြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် အသိပညာ ပေးခြင်းများဆောင်ရွက်
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များသို့ယမန်နေ့ နံနက် ၁၀ နာရီက ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို ဟို့နမ့်၊ ပန်းတန်၊ ကဒူးကြီးကျေးရွာ အုပ်စုကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးနှင့် အဖွဲ့ဝင်များသည် ဟိုနမ့်ကျေးရွာအုပ်စု၊ ဥယာစန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပန်းတန် ကျေးရွာအုပ်စု ၊ လွိုင်ကောင်ကျေးရွာခန်းမ၌ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။