ကြီးအုံကြီးဝတမံတွင် ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းအသိပညာပေး
Jan 22,2021
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေ ပြည်သူများ မီးဘေးသတိမူစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟ နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။