နွားထိုးကြီး၊ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေကျပ်သိန်း (၃၀) လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နွားထိုးကြီးမြို့နယ် ရွှေနန်းတော်စက်သုံးဆီဆိုင်မိသားစုမှ ကိုဗစ်-၁၉ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင် ဦးနိုင်ဝင်းထံမှ သိရသည်။ အလှူငွေများကို နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအလှူရှင်သည်ကိုဗစ်-၁၉ကာလအတွင်း လိုအပ်နေသည့်ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် PPE ဝတ်စုံများနှင့်ကိုဗစ်-၁၉လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုရန်အတွက် စက်သုံးဆီ များကိုလည်းလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
နိုင်လင်း(ပြန်/ဆက်)