ထန်တလန်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ အားပြင်ဆင်ထားသည့်ဥပဒေ၊ နည်းဥပဒေများအညီစိစစ် ‌ရွေးချယ်နိုင်‌ပေးနိုင်ရေး အသိပေးရှင်းလင်းခြင်းများဆောင်ရွက်

ထန်တလန်   ဇန်နဝါရီ   ၂၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင်ရပ်ကွပ်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်းနှင့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက်ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် ၁၁ နာရီက ထန်တလန်မြို့ အမှတ်(၁၊၂၊၃) ရပ်ကွက် တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းနိုင်၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကျင်ငိုက်မန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်ရာ၌ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်နိုင်ရေး၊ကျေးရွာ/ ရပ်ကွက်အလိုက် ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်များ ရှင်းလင်းပြောကြားပြီးနောက်  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အုပ်စုစာရေးများက  သိရှိလိုသည့်အချက်များကို မေးမြန်း‌ ဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ကုန်ပိုင်းတွင် ရွေးချယ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)