ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၁၄)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်   ဇန်နဝါရီ     ၂၂

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၄)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ယနေ့ နံနက်(၁၁)နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၄)ဉီးမှာ အမျိုးသား(၁၀)ဉီး၊ အမျိုးသမီး(၄)ဉီး တို့ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်မှ(၁)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှ (၁)ဉီး၊ ဆော မြို့နယ်မှ(၂)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှ (၁)ဉီး၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ(၁)ဉီး၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှ(၂)ဦး၊ ကျောက်မဲမြို့နယ်မှ(၂)ဉီး၊ နမ့်ဆန်မြို့နယ်မှ(၁)ဉီးနှင့် ကျိုင်းတုံမြို့နယ်မှ (၁)ဉီး တို့ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာဒေသများသို့  ရောက်ရှိနိုင်ရေးအတွက်    စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင် (ပြန်/ဆက်)