ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင်မှ သံတောင်မြို့ရှိ အားကစားကွင်းအားကြည့်ရှုစစ်ဆေး

သံတောင်ကြီး   ဇန်နဝါရီ   ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင်၊ ကရင်ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ ၊သံတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ အား/ကာ ကော်မတီတို့သည် ယမန်နေ့ နေ့လယ်ပိုင်းက သံတောင်မြို့အမှတ်()ရပ်ကွက်ရှိအားကစားကွင်း အား သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုသို့ ကြည့်ရှုရာတွင် သံတောင်မြို့ရှိဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်မည့်နေရာ၊ လက်ဝှေ့ အားကစားရုံတည်ဆောက်မည့်နေရာ၊ ခြံစည်းရိုးကာရံမည့်အခြေအနေများ နှင့် အမှတ်()ရပ်ကွက်ရှိ တင်းနစ်ကလပ်မြေနေရာအား ကြည့်ရှု၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင် ကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ သံတောင်မြို့အားကစားကွင်းကို ၂၀၂၀-၂၀၂၁-ဘဏ္ဍာရေးနှစ် ၊ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ပွဲကြည့်စင်တည်ဆောက်ရန်အတွက် ခွင့်ပြုငွေကျပ် သန်း(၂၀၀)ဖြင့် အလျား (၁၀၀)ပေ အနံ(၃၆)ပေ RC ()ထပ် ()လုံး ၊လက်ဝှေ့အားကစားရုံ တည်ဆောက်ရန် အတွက် ခွင့်ပြုငွေကျပ်သန်း (၃၀)ဖြင့် အလျား(၄၀)ပေ အနံ(၄၀)ပေ ၊အမြင့်(၁၅)ပေ Steel  Stucture()လုံး ၊အ တွင်းခြံစည်းရိုးကာရံခြင်းအတွက်ခွင့်ပြုငွေကျပ်သန်း(၃၀)ဖြင့် အရှည်(၁၇၀၀)ပေ ၊အမြင့်()ပေ ၊အပြင် ခြံ စည်းရိုး အုတ်တံတိုင်းကာရံခြင်းအတွက်ငွေပြုငွေကျပ် (၂၄)သန်းဖြင့် အရှည်(၈၀၀)ပေ ၊အမြင့်()ပေဖြင့် လည်းကောင်း ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုငွေကျပ် (၂၇.)သန်းဖြင့်အရှည်(၈၆၀)ပေ အပြင်ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းများရရှိခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)