သတင်းများ

ကော့ကရိတ်မြို့၌ မိုးလုံ​လေလုံ အားကစားရုံ ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ​ငွေလုံး​ငွေရင်း ခွင့်ပြုရန်ပုံ​ငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ် မြို့နယ်မှ မိုးလုံ​လေလုံအားကစားရုံ(၁၂၀​ပေ×၉၀​ပေ) တည်​ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မ အားကစားကွင်းတွင် ကျင်းပခဲ့​ကြောင်းသိရသည်။
မြစ်သားတွင် အခြေခံလူတန်းစားအိမ်ထောင်စုများသို့နိုင်ငံတော်အစိုးရမှ (စတုတ္ထအကြိမ်) ငွေကျပ်နှစ်သောင်း ထောက်ပံ့ ပေးအပ်
Jan 24,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ(စတုတ္ထအကြိမ်)ထောက်ပံ့သော ငွေကျပ် နှစ်သောင်း အား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆမီးမြို့၌ အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Jan 24,2021
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ငွေဖြင့် ဆောင်ရွက်သည့် အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးမှုအား ဆောင်ရွက်ခဲ့ကြသည်။
တံတားဦးမြို့နယ် မြေငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ဆောင်အား ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 24,2021
ကျောက်ဆည်ခရိုင် တံတားမြို့နယ် မြေငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ၁၃၀ပေ × ၃၀ပေ ×၂၄ပေ ရှိ စာသင်ဆောင်အား ယနေ့နံနက်(၁၀)နာရီက ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပကြောင်းသိရသည်။
ပေါက်မြို့နယ်၌ မိုးနှောင်းကြက်သွန်နီ ဈေးနှုန်းများကျဆင်း၍ တောင်သူများ အရှုံးပေါ်
Jan 24,2021
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် မိမိတို့၏ယာမြေများပေါ်၌ မြေအောက်ရေကို အသုံးပြု၍ မိုးနှေင်းကာလတွင် စိုက်ပျိုးထားသော ကြက်သွန်နီများ လက်ရှိအချိန်တွင် နုတ်သိမ်း၍ ပခုက္ကူမြို့သို့ တင်ပို့ရောင်းချကြရာတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး ပွဲရုံပြတ်ဈေး တစ်ပိဿာ ကျပ် ၃၀၀ ဝန်း ကျင်သာရောင်းချရသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ပေါက်မြို့နယ် ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့နှင့် မြစ်သားမြို့ရှိ ဆေးရုံကြီးများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပြီး ဂုဏ်ပြုလမ်းလျှောက်ခြင်းများပြုလုပ်
Jan 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နှင့် မြစ်သားမြို့ရှိ ဆေးရုံကြီးများတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းကို ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ ရွှေတောင်တန်းရိက္ခာပို့အဖွဲ့မှ ဆောင်ရွက် ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း များတွင် ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းများနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြသူများ အား ဂုဏ်ပြုသည့် အနေဖြင့် ကျောက်ဆည်မြို့မှ မြစ်သားမြို့သို့ ဂုဏ်ပြုလမ်းလျှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် လူနေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွား
Jan 23,2021
ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် ယနေ့နံနက် ၂ နာရီ ခွဲခန့်က လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်တောတွင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲ လုပ်ငန်း စီမံချက် အစည်းအဝေးကျင်းပ
Jan 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ လုပ်ငန်း စီမံချက်အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။