ပေါက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် မိမိတို့၏ယာမြေများပေါ်၌ မြေအောက်ရေကို အသုံးပြု၍ မိုးနှေင်းကာလတွင် စိုက်ပျိုးထားသော ကြက်သွန်နီများ လက်ရှိအချိန်တွင် နုတ်သိမ်း၍ ပခုက္ကူမြို့သို့ တင်ပို့ရောင်းချကြရာတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး ပွဲရုံပြတ်ဈေး တစ်ပိဿာ ကျပ် ၃၀၀ ဝန်း ကျင်သာရောင်းချရသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ပေါက်မြို့နယ် ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။
" ကိုဗစ်-၁၉ ရောဂါကင်းစင်သွားပြီး လမ်းပန်းဆက်သွယ်ရေးတွေကောင်း၍ ကြက်သွန်နီ ပြည်ပဈေး ကွက်က ဝယ်ပါစေလို့ ဆုတောင်း ပါတယ်ဗျာ။ အရင်က တစ်ပိဿာ ကျပ် ၁၂၀၀/၁၃၀၀ ဝန်းကျင်ရှိပေမဲ့ ယခု ကြက်သွန်နီဈေး အဆ မတန်ကျသွားတော့ မိုးနှောင်းကြက်သွန်စိုက် တောင်သူများအားလုံး အရှုံးပေါ်တာပေါ့ဗျာ '' ဟု ပေါက်မြို့နယ် မုန်ကုန်းကျေးရွာနေ ကြက် သွန်စိုက်တောင်သူ ဦးဘိုဌေးကပြောသည်။
" ကျွန်တော်တို့ ပခုက္ကူမြို့ ကြက်သွန်နီ ဈေး ကွက်မှာ လက်ရှိအချိန်မှာ ပွဲရုံပြတ်စျေးအနေနဲ့ကြက်သွန်နီ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ကျပ် ၂၅၀ နဲ့ ၃၀၀ ဝန်းကျင်သာရောင်းရပါတယ်။ ကြက်သွန်နီ ပေါ်စအချိန်က ကျပ် ၇၀၀/၈၀၀ ဈေးအထိရှိခဲ့ပေမဲ့ ယခုကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများလည်း လှိုင်လှိုင်မရှိတော့သလို ဈေးကွက်အတွင်း ဝယ်လို အား သိသာစွာ ကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက် ရောက်နေသည့် ပမာဏထက် များစွာ လျော့နည်းနေပြီး ကြက်သွန်နီဈေးနှုန်းများ အဆမတန် ကျဆင်းနေတာ ဖြစ်ပါတယ် '' ဟု ပွဲရုံလုပ်ငန်းရှင် ဦးဇော်ဌေးက ပြောသည်။
ဉာဏ်တိုး(ပေါက်)