ကရင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၄၃၀၀၀ ဧကအတွက် ချေးငွေ ကျပ်သန်း ၆၅၀၀ ထုတ်ပေးသွားရန် လျာထား

 

ဘားအံ       မေ      ၁၇

ကရင်ပြည်နယ်အတွင်း ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလ ၂၆ ရက်နေ့မှ စတင်၍ စပါးစိုက် တောင်သူများထံသို့ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲများမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ခုနှစ်တွင် ကရင်ပြည်နယ်ရှိ မိုးစပါး စိုက်ဧက ၄၃၀၀၀ဧက အတွက်  ချေးငွေကျပ် သန်း ၆၅၀၀ ထုတ်ပေးသွားရန် လျာထားလျှက်ရှိပြီး မိုးစပါး ချေးငွေအား စပါးစိုက်ဧက (၁)ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် တောင်သူ တစ်ဦးလျှင် အများဆုံး စိုက်ဧက (၁၀)ဧကအထိ ထုတ်ချေးပေးသွား မည်ဖြစ်သည်။ ချေးငွေနောက်ဆုံးပြန်လည် ပေးဆပ်ရမည့် ကာလမှာ ၂၀၂၂ခုနှစ် ဧပြီလ (၁၅)ရက် နေ့ဖြစ်ပါသည်။  တောင်သူများအား မိုးစပါးချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ် မိုးစပါးချေးငွေပြေကျေသည့် တောင်သူများ သို့ ဦးစားပေး ထုတ်ချေးသွားမည် ဖြစ်ပါသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးအနေဖြင့် ဒေသအတွင်း စားနပ်ရိက္ခာ ဖူလုံစေရေး မြန်မာ့လယ်ယာ ထွက်ကုန်များကို နိုင်ငံတကာသို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ်အတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က    တစ်ဖက်တစ်လမ်းမှ   ပံ့ပိုး   ဆောင်ရွက်ပေးလျက်     ရှိကြောင်းကို  ကရင်ပြည်နယ် ဘဏ်ခွဲ ပြည်နယ်မန်နေဂျာ ဦးသိန်းဇော်ထံမှ သိရှိရသည်။

 

 

ခရိုင် ပြန်/ဆက်