မိုးမိတ် မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း ၊ မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးစီစဥ်ထားရှိမှုများ ၊ စာသင်ခန်းများပြင်ဆင် ထားရှိမှုများ ၊ ကျောင်းများတွင် ကိုဗစ်_၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြင်ဆင် ထားရှိနိုင်ရေး ၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းလုံခြုံရေးစီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များရှိပါကလည်း အမြန်ဆုံးတင်ပြနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြပါရန် မှာကြားခဲ့ကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)