ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်

ကျိုင်းတုံ မေ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏  အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး   အဆောင်နေသင်တန်းသူများအတွက် ကြက်ဥများ ထောက်ပံ့ပေးသည်။

ထို့နောက် ကျိုင်းတုံမြို့၊ အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်နန်းယုန်းက သင်တန်းတွင် စက်ချုပ်ဘာသာရပ်(၂၀)မျိုးနှင့် လက်မှုဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသူတစ်ဦးအား Flying Man အပ်ချုပ်စက်တစ်လုံးကို ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာအချက်အလက်များ ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းကို ရက်သတ္တပတ် (၁၈) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ပြီး၊ ကျိုင်းတုံမြို့နယ်ရှိ  တိုင်းရင်းသူ အမျိုးသမီးငယ် (၃၀)ဦး တက်ရာက်သင်ကြားလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)