သတင်းများ

အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စာငှား၊စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား  နေစဥ်ကာလ အတွင်း ခေတ္တ ပိတ်ထား ခဲ့ရာယခုအခါ နေ့စဥ်စာငှားနေသည့်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီအစိုးရရုံး ပိတ်ရက်မှအပ အပတ်စဥ် နံနက် ၉ နာရီခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန်ထိ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြည်သူများ အသိပညာတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ပြုလုပ်ကျင်းပခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ နေစဉ်ထုတ် သတင်းစာများ လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိ
May 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ နေစဉ်ထုတ် သတင်းစာများလှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ထပ်ဆင့်ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ
May 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ထပ်ဆင့် ရှင်းလင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ေရှ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့်တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေ တတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်( ၁၀:၀၀ )နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး
May 21,2021
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ နောင်ချိုမြို့နယ် တောင် ရှည်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် (၂၀၂၁)ခုနှစ်နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ
May 21,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်မှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို မေ ၂၁ရက် နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြသည်။