တောင်ဥက္ကလာပ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အေရှ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့်တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေ တတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်( ၁၀:၀၀ )နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှတက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာကျော်ဝင်းရေးသားသော နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်အား ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ Book Club အဖွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာစာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။
ခင်ဆွေနှင်း