ရှမ်းရွာသစ် မေ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခန့် တွင် ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်(၄)ရပ်ကွက်ရှိ ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကျန်းမာရေး အသိရှိစေရန်အတွက် ကျန်းမာရေးအသိ ပညာပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေး ခြင်း၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့ နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ရိုတာဗိုင်းရပ်စ်ရောဂါနှင့် ဝက်သက်ရောဂါ တို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)