ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကဆုန်ညောင်ရေသွန်းပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပ

ကြို့ပင်ကောက် မေ ၂၆
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ မေလ ၂၅ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် သာသနာ့နယ်မြေများအတွင်းရှိ ဗုဒ္ဓဘုရားပွင့်တော်မူရာဗောဓိညောင်ပင်အား ကဆုန်လ၏ အပူဒဏ်သက်သာ စေရန် ရေစင်သွန်းလောင်ပြီး ကဆုန်ညောင်ရေသွန်း ပွဲတော်များကို စည်ကားသိုက် မြိုက်စွာကျင်းပနေကြ သည်။
ယင်းသို့ ကဆုန်ညောင်ရေသွန်း ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက် ဗောဓိရိပ်သာကျောင်းတိုက်ရှိ ရှေးမင်းအဆက်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့သော ပြည်လုံး ချမ်းသာမြတ်ဗုဒ္ဓပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်၊ အရှေ့ဘက်မဟာလောကသီရိဘုရာကြီးရှိ ကဆုန် ညောင်ရေသွန်းပွဲတော်တို့အား မြို့ပေါ်ရပ်ကွက်အသီးသီးမှ လူငယ်မောင်မယ်များသည် အဖွဲ့လိုက် ညောင်ရေ သွန်းလောင်းရန် လာရောက်ကြရာ စေတနာရှင် အလှူရှင်များက စတုဒီသာအအေး မုန့်ဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)