ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 ပြင်ဦးလွင်   မေ   ၂၆

ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက   ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အမျိုးသမီး​ဘောလုံးအသင်းများနှင့်ဘောလုံးဝါသနာရှင်ပရိသတ်များ တက်ရောက်ကြသည် ။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ    အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသန္နိဌာန် ရွတ်ဆိုခဲ့ကြ​ပြီးနောက် မြန်မာ့သိုင်း၊ တိုက်ကွန်ဒို၊ ကရာတေးအဖွဲ့များနှင့် Myanmar Fitness Dance အဖွဲ့မှ သရုပ်ပြသခဲ့ကြပြီး ​ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှဂုဏ်ပြုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့ အမျိုးသမီးဘောလုံးအသင်းနှင့် မိုးကုတ်မြို့ အမျိုးသမီးဘောလုံး အသင်းတို့စတင်ယှဉ်ပြိုင်ကြပြီး ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အုပ်စု(က) မိုးကုတ်၊စဉ့်ကူး၊ ပြင်ဦးလွင်မြို့တို့မှ အမျိုးသမီးဘောလုံး အသင်းများနှင့် အုပ်စု(ခ)တွင် သပိတ်ကျင်း၊ မတ္တရာမြို့တို့မှ  ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲကို မေ၂၅ ရက် မှ မေ ၃၁ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။                               

ခရိုင်(ပြန်/ဆက်)