ဟိုပုံး ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ကျောင်းဆောင်သစ် ဆောက်လုပ်ခဲ့ပြီးဖြစ်ရာ အဆိုပါဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ်အား ရေစက်ချ တရားနာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လုံဟေးကျေးရွာအုပ်စု၊ ထမ်းဘုရား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်ပရိသတ်များမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဟိုပုံးမြို့နယ် ထမ်းဘုရားကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ (၅)ပါးသီလနှင့် ပရိတ်တရားတော်များကို ခံယူဆောက် တည်ကြသည်။
အဆိုပါအဆောက်အဦသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၄၉.၅)သန်း အလျား(၆၀)ပေ၊ အနံ(၄၅)ပေ တစ်ထပ်အဆောက်အဦဖြစ်ပြီး မြင့်မိုရ်လွင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)