ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊မုံရွာကွပ်ကဲမှုအောက်ရှိ သင်တန်း ကျောင်းများတွင် မိုးရာသီကာလ သစ်ပင်စိုက်ပွဲ ကျင်းပ

ကသာ ဇူလိုင် ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက် စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မုံရွာနှင့်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်း သူများအား သစ်ပင်နှင့်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ဖော်ဆောင်ပေးရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာ၏ ကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်း များတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား များကို ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာ၏ ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးလူငယ်သင်တန်းကျောင်း (ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ပင်လည်ဘူး)နှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ကသာ) စုစုပေါင်း သင်တန်းကျောင်း(၁၅)ကျောင်းတို့၌ သက်ဆိုင်ရာကျောင်းအလိုက် ကျင်းပပြုလုပ်ခဲ့ကြပြီး စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်(၅၃၅)ပင်၊ အရိပ်ရလေကာပင်(၁၃၀)ပင်နှင့် နှစ်ရှည်သီးနှံ ပင်(၂၀၅)ပင် စုစုပေါင်း (၈၇၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)